Main menu

ကုန်စိမ်းစျေးကွက်ရှိပဲလိပ်ပြာ

Powered by Drupal

            မန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက် လျက်ရှိပါသည်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်းသိရပါသည်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်လျက်ရှိပြီး၊ သီရိမာလာစျေးမှာ ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများ ပိုမိုဝင်ရောက်ကြောင်း သိရပါသည်။ သီရိမာလာစျေးအတွင်း ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲစာဥ၊နွေပဲသီး၊ စားတော်ပဲစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ပဲလိပ်ပြာလည်း ဝင်ရောက်မှုများကြောင်း သိရပါသည်။၂၀၂၅ခုနှစ်ဧပြီလနောက်ဆုံးပတ်အတွင်း ပေါက်စျေးအနေဖြင့် ပဲလိပ်ပြာ(ပဲစိမ်းတောင့်)လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ပဲလိပ်ပြာ(ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၇၅၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဧပြီလနောက်ဆုံးပတ်အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီးနှင့် ၆ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)