Main menu

ကြက်ဥစျေးနှုန်းစျေးကွက်

Powered by Drupal

             မန္တလေးစျေးကွက်အတွင်း  ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း    ပြင်ဦးလွင်မြို့နယ်၊   ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိခြံများမှ ဝင်ရောက်ကြောင်း သိရပါသည်။ ဘဲဥမှာ အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှဝင်ရောက်ခြင်း၊ ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှဝင်ကြောင်း သိရပါသည်။၂၀၂၅ ခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ(၃၀လုံး ပါ ၁၀ ကဒ်)တစ်ဆွဲ လျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/- ၊ လက်လီစျေးအနေဖြင့်  ကြက်ဥတစ်လုံး လျှင်၄၅ဝိ/-နှင့်၄၆ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၆၀ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့်ရောင်းချလျက်ရှိပြီး   အရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှုရှိကြောင်းသိရှိရပါသည်။ ပြင်ဦးလွင်‌ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက်အတွင်းသို့ ကြက်ဥဝင်ရောက်မှုမှာ  ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများ  အရ  ၂၀၂၅ ခုနှစ်ဧပြီလအတွင်း  ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၃၅၀)စီး ဝင်‌ရောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)