Main menu

ကင်ပွန်းချဉ် ဈေးနှုန်းဈေးကွက်

Powered by Drupal

   ကင်ပွန်းချဉ်သည် အပူပိုင်းဒေသများတွင် ကောင်းစွာဖြစ်ထွန်းသောအပင်ဖြစ်ကြောင်း၊ ကင်ပွန်းချဉ်ပင်ကို မိုးရာသီတွင် မေလနှင့်ဇွန်လ၊ ဆောင်းရာသီတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပါက (၄)လနှင့်(၆)လအတွင်း အရွက်နုများ ခူးဆွတ်စားသုံးရကြောင်း သိရှိရသည်။ ကင်ပွန်းချဉ်ကို အရွက်နုများ၊ ပန်းဖတ်ခြောက်များနှင့် အစေ့များအတွက် စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး ရာသီဥတုနှင့် မြေဆီလွှာအခြေအနေအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ မြင်းခြံမြို့ရှိ အေးမြသီတာဈေးဖြစ်သော ကုန်စိမ်းဈေးတွင် ကင်ပွန်းချဉ်ရွက်နု ၁၀ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ကျန်းမာရေးအတွက် သင့်တော်သောကြောင့် စားသုံးမှုများပြားလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်သည် ဗီတာမင်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သတ္တုဓာတ်များပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အူလှုပ်ရှားမှုကို အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပါဝင်သည့် အရွက်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)