Main menu

“မိုးကြိုဝါများစတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ အဓိကသီးနှံ များဖြစ်သော စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် လူတို့အသုံးအဆောင်ပစ္စည်းပဖြစ်အသုံး ပြု၍ရသော ဝယ်လိုအားရှိသော ဝါသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ မိုးကြိုဝါများကိုဧပြီလတွင် စတင်စိုက်ပျိုး လျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင်(၁၀၀)ဧက၊ မြစ်သားမြို့နယ်တွင် (၂၁၂၅)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဧပြီလဆန်း တွင် စတင်စိုက်ပျိုးပြီး ၊ဇူလိုင်လနှင့်ဩဂုတ်လတွင် ထွက်ရှိမှာဖြစ်ကြောင်း မိုးကြိုဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်(၆)မျိုးနှင့် ရာကာအိန္ဒိယမျိုးများကိုအများဆုံးစိုက်ပျိုးကြ ကြောင်း၊ ဝါတစ်ဧက လျင်မျိုးထုပ် တစ်ထုပ်ခွဲမှနှစ်ထုပ်ခွဲအထိစိုက်ပျိုးကြကြောင်း မျိုးတစ်ထုပ်လျင် (၃၄၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါသီးနှံတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆၅၀၀၀၀-၇၀၀၀၀၀)ကျပ် အထိကုန်ကျ ကြောင်းအများဆုံးစိုက်ပျိုးသောမြို့နယ်များမှာ မြစ်သားမြို့နယ်ဖြစ်ပြီး တစ်မြို့နယ်လုံးစိုက်ပျိုး လျက်ရှိရာ အများဆုံးစိုက်ပျိုးသောရွာများမှာ ထနောင်းကုန်းရွာ၊စစ်ကုန်းရွာ၊ မြိုင်ကုန်းရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးကြိုးဝါစိုက်ပျိူးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အစေ့ချ စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့်ခန့်မှန်းပိဿာ (၆၀၀-၇၀၀)ပိဿာ ထွက်ရှိကြောင်း၊ ဝါဈေးနှုန်း အနေဖြင့် ဝါတစ်ပိဿာလျင်(၃၂၀၀-၃၃၀၀)ကျပ် ၊ ဂွမ်းတစ်ပိဿာလျင်(၈၈၀၀-၉၀၀၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ဈေးကွက်အနေဖြင့် တောင်သူများမှ နီးစပ်ရာမြို့ပေါ်ပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးစက်မှု၊ ချည်မျှင်နှင့် ယက်ကန်းစက်ရုံများ သို့ရောင်းချကြကြောင်း၊ မိုးကြိုဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)