Main menu

“ကွမ်းရိတ်သိမ်းမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး ရာသီအလိုက်သီးနှံများလည်းစိုက်ပျိုးလျှက်ရှိပါသည် ။ စပါး၊ပဲ၊ပြောင်း၊နှမ်း၊ကြက်သွန်၊ငရုတ်အပြင် ကွမ်းသီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်း စိုက်ဧက(၅၈၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင်(၄၀၀)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၇)ဧက၊မြစ်သားမြို့နယ်တွင်(၃၅)ဧက စိုက်ပျိုးထားရှိခဲ့ရာ နိုဝင်ဘာလဆန်းမှစတင်၍ကွမ်းများ စတင်ရိတ်သိမ်းလျှက်ရှိပြီး ရိတ်သိမ်းဧက(၃၈၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ကွမ်းစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ၊ဝါးဖိုး၊အုန်းလက်ဖိုးများအပါအဝင် စုစုပေါင်း သိန်း(၃၀)ဝန်းကျင်ခန့် ကုန်ကျကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကွမ်းနုဝါမျိုးများဖြစ်ပြီး (၁)ဧက အထွက်နှုန်း အနေဖြင့်မိုးရာသီတွင် တစ်ပတ်လျှင် ပိဿာ(၇၀-၈၀)အထိထွက်ရှိပြီး ဆောင်းရာသီတွင်အထွက်နှုန်း လျော့သောကြောင့် တစ်ပတ်လျှင် ပိဿာ(၂၅-၃၀)ထွက်ရှိကြောင်း အများဆုံးစိုက်ပျိုးသောကျေးရွာ များမှအရှေ့သံရွာ၊သပြေကုန်း၊မြေစိုရွာ နှင့် မုန်တိုင်ကျေးရွာတို့ဖြစ်ကြောင်း၊ ကွမ်းဈေးအနေဖြင့် (၁)ပိဿာလျှင်(၉၀၀၀/-)ကျပ်ဖြစ်ပြီး ရွေးပြီးသန့်စင်ထားသော ကွမ်းရွက်အကြီး (၁)ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊အလတ်(၁)ပိဿာလျှင် (၁၄၀၀၀/-)ကျပ်၊ပယ်ကွမ်း(၁)ပိဿာလျှင်(၇၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ကွမ်းကိုပွဲရုံများသို့တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ကွမ်းစိုက်ပျိုးမှုအနေ ဖြင့်စိုက်ပျိုးစရိတ်ကြီးသော်လည်း ကွမ်းစတင်ထွက်ချိန်မှစ၍ အပတ်စဉ်ဝင်ငွေရရှိကြောင်း၊ကွမ်းဈေး အတက်အကျရှိသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းလျှက်ရှိသောကြောင့် ကွမ်းကိုစီးပွားဖြစ်စိုက်ပျိုး လာကြပါသည် ။ စီးပွားဖြစ်ဝင်ငွေတိုးသော ကွမ်းကိုလည်း တောင်သူဦးကြီးများအနေဖြင့် တိုးချဲ့ စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)