
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ငှက်ပျောစိုက်ဧက(၁၀၁၈)ဧကစိုက်ပျိုးထားရှိပြီး ဧကအားလုံးအောင်မြင်စွာရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသော ရွာများမှာ ရွှေလောင်းရွာ၊ သရက်ပင်ရွာ၊ ကံဆွယ်ရွာများဖြစ်ပြီးငှက်ပျောစိုက်ပျိုးမှု တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်း ကျပ်ခန့်ကုန်ကျကြောင်း၊ ငှက်ပျောအထွက်နှုန်းအနေဖြင့် တစ်ဧကလျင်ငှက်ပျောခိုင်(၈၀၀)ထွက်ရှိကြောင်း၊ ငှက်ပျောအခိုင် (၄၀)ပါ လှည်းတစ်စီး လျင်(၃)သိန်း ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရောင်းတန်းဝင်ပထမတန်းစား ငှက်ပျော တစ်ဖီးလျင် (၂၅၀၀)ကျပ် ၊ဒုတိယတန်းစား ငှက်ပျောတစ်ဖီး လျင်(၂၀၀၀)ကျပ် ရောင်းချရကြောင်း၊ ငှက်ပျောပွဲစား များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် လုပ်သားခ သယ်ယူစရိတ် နုတ်ပြီးပါက(၃၅)သိန်းကျပ်ဝန်ကျင်ရရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)