Main menu

“ပိန္နဲသီးနုများထွက်ပေါ်ပြီးဈေးကောင်းရရှိ”

Powered by Drupal

          ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ပိန္နဲသီးနှံကိုလည်း အများဆုံး စိုက်ပျိုးလာကြပါသည်။ ရာသီချိန် ပိန္နဲသီးနုများသည် နှစ်စဉ် ဧပြီလဆန်းပိုင်းတွင် စျေးကွက်ထဲသို့စတင်ဝင်ရောက်လာပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်၍ ပိန္နဲသီးနုများကို ကျောက်ဆည်မြို့ရှိ ဈေးများတွင် ရောင်းချကြကြောင်း၊ ရောင်းချရာတွင် ပိန္နဲသီးနု(၂၅)ကျပ်သား လျှင်(၁၀၀၀)ကျပ်ရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းသည်များမှလည်း အထုပ်လေးများ ထုပ်၍ တစ်ထုပ်လျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ဈေးကွက်ထဲတွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း၊ အညာဒေသထွက် ပိန္နဲသီးနုများသည် စားကောင်းသော ပိန္နဲသီးနု မျိုးများ ဖြစ်သောကြောင့် ဈေးကောင်းရရှိပြီး ဈေးကွက်ထဲတွင်လည်း အရောင်းသွက်၍ စားသုံးသူ အကြိုက်များသောကြောင့် ရာသီချိန် ပိန္နဲသီးနု ရောင်းချသူများ ဈေးကောင်းရရှိပြီး  မိသားစုအပို ဝင်ငွေရရှိသောကြောင့် ပိန္နဲသီး သီးနှံကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)