Main menu

“နွေနှမ်းများအောင်မြင်ဖြစ်ထွန်း”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် ဆီထွက်သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျှက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် တွင်(၃၂၄၆၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများ အရသိရှိရပါသည်။နွေနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည်စိုက်ပျိုးရကြောင်း(၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးသော မျိုးများမှာနှမ်းဖြူ၊နှမ်းညို၊နှမ်းနက်မျိုးများကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးရွာသွန်းမှုကောင်း သောကြောင့်နှမ်းပင်များအောင်မြင်ဖြစ်ထွန်းနေကြောင်း၊ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်း လျှင်(၁၃၅၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်း လျှင်(၉၇၀၀၀/-)ကျပ်၊နှမ်းနက်တစ်တင်းလျှင်(၈၀၀၀၀/-) ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး၊ယခုအချိန်တွင်နှမ်းဖြူတစ်တင်းလျှင်(၁၂၅၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်းလျှင်(၉၈၀၀၀/-)ကျပ်၊နှမ်းနက်တစ်တင်းလျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ယခင်နှစ်(၁)ဧက အထွက်နှုန်းအနေဖြင့်(၈-၉)တင်းခန့်ထွက်ရှိခဲ့ ပြီးအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် နွေနှမ်းများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း အထွက်နှုန်းနှင့် စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)