
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးအချက်အခြာကြသော ဒေသဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဖြစ်ပြီး တောင်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက်စနစ် ဖြစ်သည် အတွက် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးသည်အပြင် စပါးကို မိုးစပါးနှင့် နွေစပါး နှစ်ရာသီလုံး စိုက်ပျိုး ကြပြီး စိုက်ပျိုးရာတွင် အရည်အသွေးအကောင်းဆုံး နှင့် စားသုံးမှုအကောင်းဆုံးစပါးဖြစ်သော ဧရာပဒေသာ စပါးမျိုးကို အများဆုံးစိုက်ပျိုးကြသည်။ ကျန်မျိုးကွဲစပါးမျိုးများကိုလည်း အနည်းငယ် စိုက်ပျိုးလျက်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၀-၉၀)တင်းခန့်ထွက်ရှိကြောင်း၊ မိုးစပါးထွက်ပေါ်ချိန်တွင် စပါးဝယ်ယူရာတွင် အရည်အသွေးပေါ်မူတည်ပြီး (၄၆)ပေါင်ကိုက် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင် (၂၅-၂၈)သိန်းကျပ်၊ မနောသုခစပါးတင်း(၁၀၀) လျှင် (၂၁)သိန်း ကျပ်၊ ဈေးနှုန်းများဖြင့်လည်းကောင်း၊ ဧရာပဒေသာဆန် (၂၄)ပြည် တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၈၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုအချိန်တွင် စပါးများမှာအဟောင်းဘက်သို့ ရောက်ရှိပြီး လှောင်စပါးများဖြစ်သောကြောင့် ဧရာပဒေသာစပါးဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း၊ မနောသုခစပါးတင်း (၁၀၀)လျှင် (၂၂)သိန်း ကျပ်ဈေးနှုန်းများဖြင့်လည်းကောင်း၊ ဧရာပဒေသာဆန် (၂၄)ပြည် တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၈၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ မိုးစပါးထွက်ပေါ်ချိန်နှင့် ယခုအချိန်ဆန်စပါးဈေးနှုန်းများ နှိုင်းယှဉ် ကြည့်ပါက ဧရာပဒေသာစပါး နှင့်ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး မနောသုခ စပါးနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက် လျက်ရှိပါသည်။ ဆန်ဈေးကွက်အနေဖြင့် ဒေသတွင်း စားသုံးမှုနှင့် မန္တလေးဈေးကွက်ကိုသာ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစားများထံမှ သိရှိရသည်။
DOCA(မန္တလေး)