Main menu

မြိတ်မြို့ပေါ်ရှိ ရေထွက်ကုန်ဈေးနှုန်းများ

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသည်။ မြိတ်ဒေသအတွင်း စားသုံးလျက်ရှိသည့် ရေထွက်ကုန်များကို ကမ်းနီးငါးဖမ်းလှေငယ်များမှရရှိပြီး ငါးလှေလံဈေးမှတဆင့် အဓိက ဝယ်ယူ ရောင်းချကြသည်။ရေထွက်ကုန်ဈေးနှုန်းများသည် ငါးဖမ်းဆီးရရှိမှုအပေါ်မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

   ၂၀၂၅ခုနှစ်၊ မေလ တတိယပတ်အတွင်း မြိတ်မြို့ပေါ်တွင်ဖြစ်ပေါ်နေသောရေထွက်ကုန် လက်လီဈေးနှုန်းများမှာ ပုဇွန်(ကြီး) တစ်ပိဿာလျှင်  ၃၂၀၀၀ကျပ်၊ ပုဇွန်(လတ်)တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်၊ ပုဇွန်(သေး)တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ ငါးကွန်းရှပ်(ဘီးဇင်း) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ဇယောတစ်ပိဿာလျှင်၂၄၀၀၀ကျပ်၊ ကကတစ်(ကပေါင်း)တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ကုလားဂုတ် တစ်ပိဿာလျှင်၂၂၀၀၀ကျပ်၊ ဟင်းချိုမကြီးတစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးဘားနီတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင်  ၁၄၀၀၀ကျပ်၊ ကဏန်းအရေပျော့ တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်၊ ကင်းမွန်(ကြီး)တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်၊ ကင်းမွန်(သေး) တစ် ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ရေဘဝဲတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)