Main menu

“ကြက်ဟင်းခါးသီးစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ကြက်ဟင်းခါးသီးကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပါသည်။ကြက်ဟင်းခါးသီးကိုရာသီမရွေးစိုက်ပျိုးနိုင်ပြီးဗိုလ်တစ်ထောင်ကြက်ဟင်းခါး မျိုးအားစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး ရက်(၂၀)ခန့်အတွင်းတွင် စိုက်ပျိုးရကြောင်း၊ (၃)လခန့်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၅)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ သက်တမ်း(၆)လခန့်အထိခူးဆွတ်နိုင်ကြောင်း စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းများ ပိုမိုလာကြောင်း၊အထွက်နှုန်းအနေဖြင့် (၁)ဧကစတင်ခူးဆွတ်ချိန်တွင် ပိဿာ(၂၀၀-၂၅၀)ခန့်အထိ ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ(၃၀၀-၄၀၀)အထိထွက်ရှိကြောင်း၊(၁)ဧက ကုန်ကျ စရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊သွင်းအားစု၊စိုက်ပျိုးစရိတ်၊လုပ်သားခ စုစုပေါင်း(၈၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း ၊ ကြက်ဟင်းခါးသီးစျေးနှုန်းအနေဖြင့် ဖောက်သည်ဈေး (၁)ပိဿာလျှင် (၁၅၀၀/-)ကျပ် ၊ လက်လီဈေးအနေဖြင့် (၁)ပိဿာလျှင်(၂၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်ဈေးနှုန်းမတူညီကြောင်း ၊ ကုန်စိမ်း ပွဲစားများမှစိုက်ခင်းအထိလာရောက်ဝယ်ယူသည့်အတွက်သယ်ယူစရိတ်သက်သာကြောင်း၊ပွဲစားများမှ ရန်ကုန်၊မန္တလေး ဈေးကွက်များသို့တင်ပို့ရောင်းချကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၂)သိန်းကျော်ခန့် ရရှိသည့်အတွက် ကြက်ဟင်းခါးသီး အထွက်နှုန်းနှင့်စျေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)