
ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ကျေးလက်နေတောင်သူများမှ ထွက်ရှိသော ခရမ်းချဉ်သီးများ မှာထွက်ရှိမှုလျော့နည်းလာပြီဖြစ်သည့်အတွက် ရွာငံဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများ စျေးနှုန်း များပြန်လည်မြှင့်တက်လျှက်ရှိပါသည်။ ယခင်လတွင် ခရမ်းချဉ်သီးများစျေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀/၅၀၀)ကျပ်ရှိရာမှ ယခု ဧပြီလ စတုတ္တပတ်တွင် ခရမ်းချဉ်သီးများစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀/၁၅၀၀)ကျပ်ရှိကြောင်း စျေးထဲမှ ကုန်စိမ်းရောင်းချသည့် ဆိုင်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)