Main menu

“ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံဖြစ်သည့်  ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည် ။ ခရမ်းချဉ်သီးစိုက်ပျိုး မည်ဆိုလျှင် မျိုးစေ့ကို ပျိုးဘောင်ဖြင့်  ပျိုးထောင်ပြီး ပျိုးပင်(၂)လသားကျော်အရွယ်တွင် စတင် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၂)လအချိန်သက်တမ်းတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၂-၃) ရက်ခြား တစ်ကြိမ်ခူး ဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာ(၃၅-၅၀) ထွက် ရှိကြောင်း၊ တစ်ပတ်ထက် တစ်ပတ်အထွက်နှုန်း ပိုမိုလာကြောင်း၊ အများဆုံးထွက်ရှိသော အချိန်တွင် ပိဿာ(၂၅၀-၃၀၀) ဝန်းကျင်ထွက်ရှိကြောင်း သိရှိရသည်။ ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၇၅၀၀၀၀-၈၅၀၀၀၀) ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရသည်။ စတင်ခူးဆွတ်သည့်နေ့မှ (၃)လအကြာ ခူးဆွတ်နိုင်ကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်း အတက်အကျရှိကြောင်း၊ ထွက်ရှိသော ခရမ်းချဉ်သီးများကို ပတ်ဝန်းကျင်ကျေးရွာများသို့ လက်လီ ရောင်းချသလို မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များသို့လည်း သွားရောက်ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၅၀၀-၁၇၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့် (၁၀၀၀-၁၂၀၀) ကျပ်အထိ ရောင်းချရသောကြောင့် ဈေးကောင်းရရှိနေကြောင်း တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၅၀၀၀၀၀-၁၈၀၀၀၀၀)ကျပ်ဝန်းကျင်ရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)