မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက်သီးနှံများလည်းစိုက်ပျိုးလျက်ရှိပါသည် ။ စိုက်ပျိုးသောသီးနှံများအနက်မှ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ဝယ်လိုအားရှိသော ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ကြက်သွန်ဖြူသီးနှံကို ခရိုင်အတွင်း စိုက်ပျိုးဧက(၂၂၈)ဧက စိုက်ပျိုးထားရှိကြောင်း ၊ ခရိုင်ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးသောရွာများမှာ ရွာသာအေး၊ ကုန်းကြီး၊ ပုဏ္ဏာကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုးများမှ ဗမာဖြူမျိုးများဖြစ်သည် ။ (၁)ဧက မျိုးပိဿာ(၆၀) စိုက်ပျိုးရကြောင်း၊စိုက်ပျိုးချိန်တွင်မျိုး(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ် ပေးဝယ်ခဲ့ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း(၁၅၀၀၀၀၀)ကျပ်ဝန်းကျင် ခန့်ကုန်ကျကြောင်း၊ကြက်သွန်ဖြူအထွက်နှုန်းအနေဖြင့် ပိဿာ(၁၀၀၀)အထိထွက်ရှိခဲ့ပြီး ကြက်သွန် ဖြူအကြီး(၁)ပိဿာ လက်လီ(၈၀၀၀/-)ကျပ်၊ အလတ်(၇၀၀၀/-)ကျပ်၊ အသေး(၆၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ကြက်သွန်ဖြူများကို အိမ်အရောက်လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှစျေးများသို့တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ကြက်သွန်ဖြူစျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် ၊ လုပ်သားခနှုတ်ပြီးပါက သိန်း(၅၀)ကျော်မြတ်ကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)