Main menu

အရောင်းသွက်သော မန်ကျည်းရွက်ချဉ်

Powered by Drupal

            မန်ကျည်းရွက်ချဉ်(သို့မဟုတ်)ချဉ်ဖတ်သည်မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး မန်ကျည်းရွက်ချဉ်ကို နှစ်စဉ်မိုးရာသီနှောင်းပိုင်း(ဩဂုတ်၊ စက်တင်ဘာ)နှင့်ဆောင်းရာသီ(အောက်တိုဘာ၊ နိုဝင်ဘာ)တို့တွင် အဓိကထုတ်လုပ်လေ့ရှိသလို မန်ကျည်းရွက်နုပေါ်ချိန်ဖြစ်သော ဧပြီလမှစ၍လည်း မန်ကျည်းချဉ်များဈေးကွက်တွင် စတင်ရောင်းချလေ့ရှိသည်။ မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော မန်ကျည်းရွက်ချဉ် တစ်ဗူးလျှင်(၃၈၀၀-၄၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်ရောင်းချမှုအနေဖြင့် နွားဘူးအိုင်၊ လယ်သစ်၊ တလုပ်၊ သဲဖြူဝနှင့်ဓားကျွန်းကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရသည်။ ကျန်းမာရေးအနေဖြင့် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ ချဉ်ဖတ်တွင် ပါဝင်သောအကျိုးပြု ဘက်တီရီးယားများသည် အူမကြီးကျန်းမာရေးကိုအားကောင်းစေသလို အမျှင်ဓာတ်ပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး မန်ကျည်းရွက်ချဉ်သည် အဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကောင်းကျိုးများစွာရှိသော်လည်း သင့်တင့်မျှတစွာ စားသုံးသင့်ပါသည်။

DOCA(မန္တလေး)