
ကြက်သွန်ချဉ်သည် အရသာရှိပြီး၊ အစာချေစနစ်အတွက် ကောင်းမွန်သောအစားအစာ တစ်ခုဖြစ်သည်။ မြင်းခြံမြို့နယ်အတွင်းရှိ ရောင်းချနေသော ကြက်သွန်ဥချဉ် တစ်ပိဿာလျှင်(၇၀၀၀) ကျပ်၊ ၂၅ ကျပ်သားတစ်ထုပ်လျှင်(၂၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်ဝင်ရောက်မှု အနေဖြင့် ပခုက္ကူ၊ မုံရွာနှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။ စားသုံးမှုအနေဖြင့် ကြက်သွန်ချဉ်တွင် Probiotics ပါဝင်သောကြောင့် အူလမ်းကြောင်းအတွက် အကျိုးပြုသော ဘက်တီ ရီးယားများကို အားဖြည့်ပေးကာ အစာချေစနစ် ကောင်းမွန်စေသလို ဗီတာမင်စီ၊ ဗီတာမင် B6 နှင့် အခြားအဟာရ ဓာတ်များပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးသည်။ ကြက်သွန်ချဉ်သည် သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ စားသုံးသင့်ပေးသည်။ ကြက်သွန်ချဉ်ကို ထမင်းနှင့်တွဲဖက်၍သော်လည်းကောင်း၊ ရှမ်း၊ ဆန်စီး စသည့်တို့ဖြင့် စားသုံးနိုင်သလို စွပ်ပြုပ်၊ ခေါက်ဆွဲပြုပ်ချိုများနှင့်လည်း စားသုံးနိုင်သည်။
DOCA(မန္တလေး)