Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဘူးသီးဈေးကွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးကြီးသည် မြို့အတွင်းအကြီးဆုံးစျေးဖြစ်ပြီး ရောင်းသူများနှင့်စည်ကား‌လျက်ရှိနေပြီး ရာသီပေါ်သီးနှံများနှင့် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကြပါသည်။ ယခုအခါရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဘူးသီးသည် စျေးအတွင်း အရောင်းအဝယ်ဖြစ်နေပြီး စျေးအနည်းငယ်ကျနေကြောင်း သိရှိရပါသည်။ မြို့အတွင်း တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့်သူများကလည်း ပို့ဆောင်ရောင်းချကြပါသည်။ ယခုဧပြီလတွင် ဈေးကွက်အတွင်း ဝင်‌ရောက်နေသော ဘူးသီးဈေးနှုန်းမှာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀)ကျပ်ထိရှိနေပြီး ယခင်က ၃၀၀၀ကျပ်ခန့်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)