Main menu

ပခုက္ကူမြို့နယ်၏ ဝါဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှုအခြေအနေ

Powered by Drupal

           မကွေတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဝါကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိရွာများမှ ဝါကို အဓိကစိုက်ပျိုးကြပါသည်။ ထွက်ရှိသောဝါများကို ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ ဝါစိုက်ဧကမှာ ယခင်က(၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧကမှာ အလွန်နည်းပါးလျက်ရှိပါသည်။  အဓိကစိုက်ပျိုးသောဝါများမှာ ချည်မျှင်ရှည်ဝါနှင့်ချည်မျှင်တိုဝါများကို စိုက်ပျိုးကြပါသည်။ ဝါစတင် ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၁၀ မှ ၅၀ ထိ) ဝင်ရောက် လျက်ရှိ ကြောင်း ဝါကုန်သည်များထံမှ သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသောဝါများကို မန္တလေးတိုင်းဒေသကြီး နှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ယခင်မတ်လတွင် ဝါဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန်(၅၀၀ မှ ၁၀၀၀ ထိ)ဝင်ရောက်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ်(၃၂၀၀)ရှိပြီး  ယခုဧပြီလ(စတုတ္ထပတ်)တွင် ဝါဝင်ရောက်မှုမှာနည်းပါးပြီး တစ်နေ့လျှင် ပိဿာချိန်(၂၀၀ မှ ၃၀၀) ဝင်ရောက်ကြောင်း၊ ချည်မျှင်ရှည်ဝါဂွမ်းအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၁၀၀)၊ ချည်မျှင် တိုဝါတစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဖြစ်၍ ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၄၀၀) ခန့်ဈေးကျနေပြီး တစ်ပတ်လျှင် ကုန်ချိန်(၁၅၀၀-၂၀၀၀)ခန့် ဝင်ရောက်နေကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)