Main menu

အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်အမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ သာကေတရပ်၊ ကမ်းနားလမ်းရှိ  Myeik Shopping Centerတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပါရှိနေပြီး ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များရောင်းချစေရေ၊ သက်တမ်းလွန်ထုတ်ကုန်များမရှိစေရေးဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရှိပါသည်။

DOCA(တနင်္သာရီ)