Main menu

“ကျောက်ဆည်မြို့နယ် ဖူးစားပြောင်း(ဆောင်း)ရိတ်သိမ်းပြီးစီးမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

         ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ကျေးလက် နေတောင်သူများသည် ရာသီအလိုက်သီးနှံမျိုးစုံကိုလည်းစိုက်ပျိုးကြပါသည်။ဖူးစားပြောင်း(ဆောင်း) သီးနှံကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ကျောက်ဆည်မြို့နယ်တွင် ဖူးစားပြောင်း(ဆောင်း)စိုက်ဧက (၂၀၇၇) ဧကစိုက်ပျိုးပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းမျာအရသိရှိရပါသည်။ဖူးစားပြောင်း(ဆောင်း)ကို ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများဆုံး စိုက်ပျိုးပြီး စိုက်ပျိုးသောမျိုးများမှာ ထိုင်ဝမ်သကြားပြောင်းမျိုးများကိုသာအများဆုံးစိုက်ပျိုးကြပါ သည်။(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-) ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၆၀၀၀-၇၀၀၀)ဖူးခန့် ထွက်ရှိပါသည် ။ ထိုင်ဝမ်သကြားပြောင်းမှာ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရလျှက်ရှိကြောင်း၊ ပြောင်းဖူးဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင် ယခုလက်ရှိ လက်ကားဈေး (ဂျွန်) (၄၀၀)ကျပ် ၊ လက်လီဈေးနှုန်းမှာ အဖူးကြီးတစ်ဖူးလျှင်(၅၀၀/-)ကျပ်၊ အသေးတစ်ဖူးလျှင် (၄၀၀/-)ကျပ် ဈေးနှုန်းများဖြင အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် မန္တလေး ကုန်စိမ်းပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး အချို့ပွဲစားများမှာလည်း စိုက်ခင်းအထိလာရောက် ဝယ်ယူလျှက်ရှိကြောင်းသိရှိရပါသည်။အကျိုးအမြတ်အနေဖြင့်အထွက်နှုန်းနှင့်ဈေးနှုန်းအပေါ်မူတည်ပြီး(၁၃-၁၅)သိန်းဝန်းကျင်ခန့်မြတ်ကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် ကျွဲ၊နွား စာများဖူလုံသည့် အပြင်ပြောင်းဖူးရိုးပင်များကိုလည်းပြန်လည်ရောင်းချပြီးကာလတိုသီးနှံဖြစ်သည့်အတွက် တွက်ခြေကိုက်သည့်သီးနှံဖြစ်သောကြောင့် ဖူးစားပြောင်းသီးနှံကိုပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)