Main menu

မုန်လာဥနီဈေးကွက်

Powered by Drupal

         မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိ သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများ ဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက်သည့်ကုန်စိမ်း  အမယ်တစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီ ကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင်ရှိပြီး၊  ကယ်လိုရီပါဝင်မှုနည်းခြင်း၊ဗီတာမင်နှင့်သတ္ထုဓာတ် များစွာ ပါရှိသည့်အတွက်  မုန်လာဥနီစားသုံးခြင်းဖြင့်  အသားအရေ လှပစေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်း စေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့်   ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။  ခါကြက်ဥ(ခေါ်)မုန်လာဥနီကို  အသုပ်၊ အပြုတ်၊  အကြော်၊အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊  ထမင်းလိပ်၊ ကင်မ်ချီ၊   တော့ပိုကီ၊ ဘီစကစ်၊   စပါဂ်တီခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော် စားသောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့်သီရိမာလာစျေး တို့တွင်  ၂၀၂၅ ခုနှစ်ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ် လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၂၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၆၅၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၈၀၀၀ကျပ်နှင့် ၈၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)