Main menu

မှော်ဘီမြို့နယ်ရှိ ပဲလွန်းဖြူအကြော်ဖိုလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ် ခွဲရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် ၂၈.၄.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာရှိ ပဲလွန်းဖြူအကြော်ဖိုလုပ်ငန်းသို့ ကွင်းဆင်း လေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာတွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးက အစား အသောက်လုပ်ငန်းသည် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရန်၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့် သွင်းဖော်ပြရန်နှင့် တစ်ရက်ထုတ်လုပ်မှုပဲအိတ်အရေအတွက်၊ တစ်လထုတ်လုပ်မှုအရေအတွက်၊ တစ်လထုတ်လုပ်မှုကုန်ကျစရိတ်၊ လုပ်သားဦးရေနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို မေးမြန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)