
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းများ၏ ဈေးနှုန်း-ဈေးကွက်အခြေအနေများကို သိရှိနိုင်ရေးအတွက် (၂၇.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပါဝင်သော မြေပြင်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နှင့်အမှတ်(၂၀) ရပ်ကွက် အတွင်းရှိ ကမ္ဘာလုံး၊ မောင်တူး၊ ကမ္ဘာသစ်၊ သုခ၊ ကျော်ကမ္ဘာ၊ HHH စသည့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သွပ်၊ သံ၊ ဟော်လိုပိုက်၊ ဟင်္ဂလန်၊ U ဘင့်၊ H ဘင့် အစရှိသောပစ္စည်းများ၏ ဈေးနှုန်းကို ဝယ်ဈေးအပေါ်မူတည်၍ သင့်တင့်မျှတသော အမြတ်ရာခိုင်နှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး ဈေးကွက်အနေဖြင့်လည်း ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလဖြစ်သောကြောင့် ဝယ်လိုအားများ၍ အရောင်းလိုက် လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)