
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်များဈေးကွက်သို့မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ၊ ဥပ ဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ( ၂၅.၄. ၂၀၂၅ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ စက်မှုဇုန်ရှိ ကသစ်ဦး စားသောက်ကုန်လုပ်ငန်းခွင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသစ်ဦး စားသောက်ကုန်လုပ်ငန်းသည် နေ့စဉ် အာလူး(ကုန်ကြမ်း)ပိဿာအချိန် (၁၀၀၀၀) နှင့် အာလူးကိုလည်း အောင်ပန်းမှမှာယူပြီး အာလူး(အဝါ)မျိုးကိုသာ အသုံးပြုပါ ကြောင်း၊ယခုအခါ အာလူးဈေးနှုန်းမှာ ၃၅၀၀/၅၀၀၀ကျပ်ဈေးနှုန်းရှိကြောင်း၊ ပဲချောင်းကြော်ပြုလုပ်ရာတွင် ပဲမှုန့် (၁၈)ပိဿာကြော်လျှင် ကုန်ချော(၁၅)ပိဿာရရှိကြောင်း၊ လုပ်သား ကျား/မ (၁၀၀)ဦးခန့် လုပ်ကိုင် ပါကြောင်းသိရသည်။ ဖြန့်ဖြူးမှုအနေဖြင့် ဒေသတွင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ ဖြန့်ဖြူးရောင်းချပါကြောင်း သိရသည်။ ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေး၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)