Main menu

အာလူးနှင့်ကျန်းမာရေး

Powered by Drupal

         အာလူးသီးသည် ကလေး၊ လူကြီး အားလုံးကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ပြီး အာလူးသီးကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ အသား၊ ဘဲဥတို့နှင့် တွဲဖက်၍သော်လည်းကောင်း၊ စမူဆာပြုလုပ်ရာတွင်လည်းကောင်း၊ ပူတင်းပြုလုပ်ရာတွင်လည်းကောင်း အများဆုံးထည့်သွင်းအသုံးပြုကြသလို အခြားစားသောက်မှုများတွင်လည်း ထည့်သွင်း စားသုံးကြ၍ စားသုံးမှုများသော အစားအစာတစ်မျိုးဖြစ်ပါသည်။ အာလူးသီးတွင် ကယ်လိုရီဓာတ်၊ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ပရိုးတင်း၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ဘီစီ စသောဓာတ်သတ္တုများစွာပါဝင်၍ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသည်။ အာလူးကို စားသုံးခြင်းဖြင့် အရိုးကျန်းမာခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံ အားကောင်းမွန်စေခြင်း အစရှိသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုသို့ ဟင်းချက်ရာတွင်လည်း အမျိုးမျိုးအသုံးဝင်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးများသည့် အာလူးသီးကို ရှမ်းပြည်နယ်၊ အောင်ပန်းဒေသဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး မြင်းခြံမြို့ရှိဈေးများတွင် တစ်ပိဿာလျှင်(၅၅၀၀)ကျပ်ဝန်းကျင်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)