Main menu

“ တွံတေးမြို့နယ် စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ အစားအသောက်ပစ္စည်းအရောင်းဆိုင်နှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာဈေး အတွင်း/ အပြင်ရှိ ကုန်စိမ်းဆိုင်၊ ကုန်ခြောက်ဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ ဦးဆောင်၍ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းအား   ဧပြီလ (၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(ဆေးဝါး) ဦးမင်းကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းမင်းစိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွေးနှင့် အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များသည် ဈေးအတွင်း/အပြင် ရောင်းချလျက်ရှိသော မုန့်ဖတ်၊ ညှပ်ဖတ်၊ ငါးပိ၊ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်သီးခွဲခြမ်းမှုန့်၊ ဦးကာကာ+ ဒေါ်စိန် ကောက်ညှင်းမွှေး လက်ဖက်ခြောက်၊ စပ်ပြဲလန်ငပိထောင်း စသည့်တို့ကို ခွင့်မပြု ဆိုးဆေးများ ပါဝင်မှုရှိ/မရှိ စစ်ဆေးရန် နမူနာယူဆောင်သွားခဲ့ပြီး ဆေးပစ္စည်းအရောင်းဆိုင်များတွင်မူ ဆေးဝါးများအား သက်တမ်းကျော်လွန်ခြင်းရှိ/မရှိ၊ FDA ထောက်ခံချက်ပါဝင်မှုရှိ/မရှိ၊ စပ်ဆေးများ ရောင်းချမှုရှိ/ မရှိနှင့် ဆေးဆိုင်လိုင်စင်များရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

DOCA(ရန်ကုန်)