Main menu

၂၀၂၅ ခုနှစ်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဧပြီလ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

   ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့၊ နံနက်(၀၈;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် အတွင်းရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင် ၊၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ နံနက် (၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့၊ နံနက်(၁၁;၀၀)နာရီ အချိန် တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီ အရောင်းဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း နှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ နံနက်(၁၀;၀၀)နာရီ အချိန် တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များ၊, KTV များနှင့် လမ်းဘေးဈေးဆိုင်များ အား အဖွဲ့စုံဖြင့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံးဆီဆိုင် များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချ နေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေး စိတ် စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် လိုအပ်ကြောင်း နှင့် စားသောက်ဆိုင်များတွင် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ စစ်ဆေးပြီး စားသောက်ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေခြင်း၊  မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစာ(Size)ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင် အသိပေးဖော်ပြခြင်းများ ဆောင်ရွက်ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)