Main menu

တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန် ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ 23.4.2025 ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ်ရှိ မြန်မာဆေးနှင့်နိုင်ငံခြားဆေးမျိုးစုံ အရောင်းဆိုင် (၄)ဆိုင်သို့  သွားရောက်၍ အိမ်သုံးဆေးဝါးရောင်းချမှုအခြေအနေများနှင့် ဆေးပြတ်လပ်မှု အခြေအ နေများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းရာတွင် ဆေးစျေးနှုန်းအခြေအနေများမေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေ ရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ၊ စပ်ဆေးများ ရောင်းချခြင်း မပြု ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

DOCA(ရန်ကုန်)