
စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတို့ နှင့် ပူးပေါင်းကာ (၂၂.၄.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီ ကိုယ်စားလှယ် ဦးညွန့်ဟန်၊ဆိုင်အမှတ်(ဂ/ ၅-၆) အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စား လှယ်များနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ လက်ဝယ်ရှိစေရေးအတွက် ဆီပေပါများကို တဆင့် ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန် ဈေးကစားရန် အလို့ငှာ စားဆီများ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော စားသုံး ဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)