Main menu

အင်းစိန်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

(၁၁.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ စားသုံး သူရေးရာဉီးစီးဌာန၊ အကောက်ခွန်ဉီးစီးဌာန၊ ပြည်တွင်းအခွန်များဉီးစီးဌာန စသည့် ပူးပေါင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းဝင်းအတွင်းရှိ အဲဗား၊ ရတနာတောင်၊ မဟာဖန်တီးရှင်၊ ရွှေနဂါး၊ နိုင်း-7၊ ရွှေမေတ္တာစသည့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့်သစ်အစရှိသည့် ပစ္စည်းများအား တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားခြင်းများ ဆောင်ရွက်ခြင်းမပြုလုပ်ကြစေရေး အထူးအလေးပေး စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)