Main menu

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ၂၀၂၅ ခုနှစ်၊ ဧပြီလ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

     ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၈)ရက်နေ့ နံနက်(၀၉း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီ/မုန့်ဟင်းခါးဖတ် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံခြင်း (၁)ကြိမ်ဆောင် ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ အဓိပါယ် ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့် မီသော ကုန်ပစ္စည်းများ ကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက် များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက် များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)