Main menu

ရာသီစာမန်ကျည်းရွက်နုဈေးကွက်

Powered by Drupal

           ယခုရာသီတွင်မန်ကျည်းပင်မှ မန်ကျည်းရွက်နုလေးများထွက်ပေါ်လာသည့် အချိန်ဖြစ်ပါသည်။ မန်ကျည်းရွက်နုလေးများအားရာသီစာအပြင် စားသောက်ရာတွင် မန်ကျည်းရွက် အချဉ်ဟင်း၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်အချဉ်သိပ်ပြီးစားသုံးခြင်းစသဖြင့် အမျိုးမျိုး စားသောက်ကြ ပါသည်။ မန်ကျည်းရွက်နုလေးများသည် ရာသီဥတုပူပြင်းသည့် ရာသီအချိန်တွင်စားသောက်လျှင် ခံတွင်းရှင်းပြီး ထမင်းမြိန်စေပါသည်။

          မန်ကျည်းရွက်နုလေးများသည် ပေါ်ဦးစအချိန်တွင် ၁၀သားလျှင် (၁၄၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ယခုအချိန်တွင် မန်ကျည်းရွက်နုလေးများလှိုင်လှိုင်ပေါလာသည့်အတွက် လက်ရှိ ဈေးနှုန်းမှာ (၁၀)သားလျှင် (၈၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)