
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်း သောဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/ မရှိအခြေအနေတို့အား ဧပြီလ ၂၃ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်မှစ၍ ကွင်းဆင်းစုံစမ်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာတွင် သန်လျင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းသက်မောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့စုံဖြင့် အမှတ် ၄ ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ဦးအင်းရွှေနှင့် ညီမ ဒေါ်အေးကြည် အိမ်ဆောက် ပစ္စည်းဆိုင်၊ အမှတ် ၉ ရပ်ကွက် အောင်ဇေယျလမ်းရှိ သရဖူအိမ်ဆောက်ပစ္စည်း၊ ဘိုကလေးအိမ် ဆောက် ပစ္စည်းဆိုင်၊ ချမ်းသာအိမ်ဆောက်ပစ္စည်းဆိုင်နှင့် အမှတ် ၉ ရပ်ကွက် အောင်ဇေယျလမ်း တိုက်တန်းလျားရှိ ရွှေသရဖူ အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ ဝယ်ယူရရှိမှုအခြေအနေနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ အား လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးကြောင်း၊ ဘိလပ်မြေများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA (ရန်ကုန်)