
ဒဂုံမြို့နယ်အတွင်းရှိ ကလေးကစားကွင်းများအား အဖွဲ့စုံဖြင့် ၁၁.၄.၂၀၂၅ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ရဲမှူးဦးမျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဗိုလ်မှူးစောပိုင်၊ မီးသတ်ဦးစီးဌာနမှ ဦးမျိုုးမင်းထက်(ဦးစီးအရာရှိ)၊ အခွန်ဦးစီးဌာနမှ ဦးပြည့်စုံ(ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင် ဌာနမှ ဦးလှိုင်မျိုး(အုပ်ချုပ်ရေးမှူး)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမင်းခန့်သွင်(ဒု-မြို့နယ်အုပ်ချုပ် ရေးမှူး)နှင့် အနောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးမြတ်ဇေယျာလင်း(ဒု-ကြီးကြပ်ရေးမှူး)တို့မှ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံမြို့နယ်အတွင်းရှိ Music Zone ၊ ပြည်သူ့ရင်ပြင်အတွင်းရှိ Happy Zone၊ Happy World အစရှိသော ကစားကွင်းများအားကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းကစားကွင်း များသည် ကလေး၊လူကြီးအများသူငါ ဆော့ကစားသောဂိမ်းများသည် အပျော်ကစားခြင်း မဟုတ်ဘဲ ငွေကြေးအမြောက်အများ ထည့်၍ ကစားသော လောင်းကစားအကြီးစားများ ရှိ/မရှိ စစ်ဆေးပြီး ၎င်းကစားကွင်းများတွင် တပ်ဆင်ထားသော CCTV များတပ်ဆင်ထားမှုများနှင့် တပ်ဆင်ရမည့် အရေ အတွက်များ နည်းလျှင်ထပ်တိုး၍ တပ်ဆင်ကြရန်နှင့် လိုင်စင်သက်တမ်းများ ကုန်ဆုံးနေခြင်းများ ရှိခဲ့သော် လာရောက်သက်တမ်းတိုးရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)