Main menu

ကမ်းရိုးတန်းသွားရေယာဉ်များအား(One Stop Service-OSS) အဖွဲ့ စုံဖြင့်စစ်ဆေးခြင်း

Powered by Drupal

   ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းကြပ်မတ်စစ်ဆေးရေးအဖွဲ့(One Stop Service-OSS) အဖွဲ့ အား ၂၀၂၄ခုနှစ်၊စက်တင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်၍   စားသုံးသူရေးရာ ဦးစီးဌာန၊တိုင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့နှင့်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ဖြင့် ဖွဲ့စည်းခဲ့ရာ ပြည်တွင်းကမ်းရိုးတန်းသွားရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများတွင် ပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများ၊ကန့်သတ်ပစ္စည်းများ၊ အကောက်ခွန်မဲ့ပစ္စည်း၊ တရားမဝင် ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ (၁၁-၄-၂၀၂၅)ရက်နေ့၊(၁၁:၃၀)  အချိန် သိမ်းဦးဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသည့် MV- Yee Thant(1) သင်္ဘောအား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခဲ့ကြရာ ကုန်စုံများကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ အထောက်အထားများပြသနိုင်သဖြင့် တရားဝင်ကုန်ပစ္စည်းများသာဖြစ်ကြောင်း၊ အထောက်အထားပြသနိုင်ခြင်းမရှိသော ကုန်ပစ္စည်းများ ကိုစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ ၏ ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်း ဖမ်းဆီး အရေးယူခြင်းများကို ခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ယခုလို ကမ်းရိုးတန်းသွားသင်္ဘောများကို ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ နိုင်ငံံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ကြောင်းကိုလည်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)