
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ အတွက် မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များ၊ KTV များနှင့် လမ်းဘေးဈေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှု (၃)ချက်မှ အစားအသောက်များအား ပြုပြင်ရောင်းချသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်မှု၊ ထားသိုသိမ်းဆည်းမှုများတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ နှင့် သန့်စင်ခန်းအဝင်/အထွက်များတွင် လက်ဆေးဘေဇင်များထားရှိ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ၏ ကျန်းမာရေးပြဿနာများ ကူညီဖြေရှင်းပေးရန် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်ရှိသည်များကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ စားသောက်ဆိုင်များတွင် ချက်ပြုတ်လုပ်ကိုင်နေသော ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်ချက်များ ဆောင်ရွက်ထားရှိရန်၊ ချက်ပြုတ်သည့် စားဖိုဆောင်များအားနေ့စဉ် သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ခြင်၊ ယင်၊ ဖုန်မှုန့်များအန္တရာယ်ကြောင့် ကျရောက်လာမည့် ကျန်းမာရေးဆိုးကျိုးများ ကာကွယ်နိုင်ရန် သန့်ရှင်းသပ်ရပ်သည့် ပိတ်စများဖြင့် ဖုံအုပ်ရန်(သို့မဟုတ်)မှန်ကောင်တာများ ပြုလုပ်ဆောင်ရွက်ကြရန်၊ လက်ရှိအသုံးပြုလျက်ရှိသော အမှိုက်ပုံးများထက် အဖုံးပါရှိသော အမှိုက်ပုံးများထားရှိဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်ပြင်ပတွင် သန့်ရှင်းသပ်ရပ်မှုများ ပိုမိုဆောင်ရွက်ထားရှိရန်၊ ရေဆိုးထွက်ပေါက် ရေမြောင်း ပိတ်ဆို့ပြီး အနံ့အသက်များကောင်းမွန်စေရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ ဆက်လက်ပြီး မြို့နယ်တာဝန်ခံမှ စားသောက်ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေခြင်း၊ မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)