Main menu

ကန့်ဘလူမြို့နယ်၏ ဒေသထွက်ဥသျှစ်ရွက်နု ဈေးနှုန်းအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဥသျှစ်ပင်များကို အခြားစားပင်သီးပင်များကဲ့သို့ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ ဥသျှစ်ပင်သည် အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါးလူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် ဥသျှစ် ရွက်နုများကို ကန့်ဘလူမြို့မဈေးတွင်လာရောက်ရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဧပြီလနောက်ဆုံးအပတ်အတွင်း ဥသျှစ်ရွက်နု(၁)ပုံလျှင်(၃၀၀)ကျပ်၊ ဥသျှစ်ရွက် နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာတစ်ခုဖြစ်သည့် ဥသျှစ်ရွက်နုအား  အိမ်ရှင်မ များဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အတို့အမြှုပ်အဖြစ်အများဆုံး အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)