Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၃၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၈၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၄၅၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ကျိုင်းတုံမြို့တွင် ဧပြီလ စတုတ္ထအပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၄၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

     ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဧပြီလ ဒုတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ချင်းနှင့် အာလူး ဈေးနှုန်းအနည်ငယ်ကျဆင်းခဲ့ပါသည်။ ယင်းသို့ ကြက်သွန်နီ၊ ချင်းနှင့် အာလူးဈေးနှုန်းကျဆင်းရခြင်းမှာရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်ဖြစ်ပြီး ဝက်သားနှင့် အမဲသားဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝက်စာနှင့်ကုန်ကြမ်းများရှားပါလာသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)