
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဆန်စပါးအသင်းမှ ဦးအောင်မိုးလှိုင်နှင့်အတူ (၉-၄-၂၀၂၅) ရက်နေ့ ၊ (၁၂:၂0) နာရီအချိန်တွင် အမှတ်(၁၈၁)၊ (၉၁)ဖြတ်လမ်း၊ ကန်တောင်ရပ်ကွက်၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဆိုင်ရှင်ဦးဇော်ဝင်း(စိန်နှင့်မြ) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်းက ဆိုင်အတွင်း ရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့် ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး၊ ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်း ဖြင့် ဖြန့်ဖြူး ရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA( ရန်ကုန်)