Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ဗမာဖြူတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)