Main menu

ပြည်မြို့နယ်အတွင်းဝင်ရောက်လာသည့် နာနတ်သီးဈေးကွက်

Powered by Drupal

    နာနတ်သီးပင်သည် နှစ်ရှည်ခံ အပင်ပျော့တစ်မျိုးဖြစ်ပါသည်။ အသီးသည်အစိမ်းရောင်ရှိပြီး ရင့်မှည့် လာပါက အဝါရောင်ပြောင်းသွားပါသည်။ နာနတ်သီးပင်များအား သီပေါ၊ ပြင်ဦးလွင်များတွင် စီးပွား ဖြစ်စိုက်ပျိုးကြပါသည်။ နာနတ်သီးခူးဆွတ်သည့် ရာသီအချိန်မှာ ဒေသတစ်ခုနှင့် တစ်ခုအချိန်မတူညီ ကြပါ။ တစ်ချို့ဒေသများတွင် မေလဆန်းနှင့် ဇူလှိုင်လလယ်များတွင် ခူးဆွတ်ရနိုင်ပြီး ရှမ်းပြည်နယ် အနီးတစ်ဝိုက်ဒေသများတွင် ဇူလှိုင်လလယ်မှ စတင်ခူးဆွတ်ရပါသည်။ ပြည်မြို့နယ်အတွင် ယခု အချိန်တွင် ဈေးကွက်အတွင်းရောင်းချနေသည့် နာနတ်သီးများမှာ ယခင်နှစ်က တစ်လုံးလျှင် (၂၀၀၀) ကျပ်‌ဈေးနှုန်းရှိပြီး ယခုနှစ်တွင် နာနတ်သီးတစ်လုံးလျှင် (၂၀၀၀-၃၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)