Main menu

ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများအား ကွင်းဆင်းစိစစ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းများတွင် FDA ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်များတွင် မြန်မာ ဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်ပြီး FDA ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ မှ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန် ညွှန်ကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Doca (ဧရာဝတီ)