
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် (၄.၂၀၂၅)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးရှိ ဈေးသူ၊ ဈေးသားများအား ပလပ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာဈေအတွင်း၌ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယခုအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့များ၌ မြို့ဝင်/မြို့ထွက်နေရာများ၊ လမ်းများ၊ ရုံး၊ ဈေး၊ ဘုရားစေတီပုထိုးစသည့် အထင်ကရနေရာများတွင် ပလပ်စတစ်များနှင့်အမှိုက်များ ပြန့်ကျဲ နေခြင်းကြောင့် မြို့၏သာယာလှပရေးထိခိုက်လျက်ရှိပြီး မြစ်ချောင်းများတွင်လည်း ပလပ်စတစ်နှင့် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်၍ မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေနေသတ္တဝါများ မျိုးသုန်းပျောက်ကွယ်ခြင်းစသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အမှိုက်များ ကိုစနစ်တကျစွန့်ပစ်ကြရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)