
၁၉.၅.၂၀၂၅ ရက်နေ့ ၊နေလယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးမှူး) နှင့် ဝန်ထမ်းများသည်ဦးစားပေး ကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချ သည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများ နှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိ စစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေ သောဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)