
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၁၆.၅.၂၀၂၅)ရက်နေ့၊ နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန် လက်လီရောင်းချနေသော မအူကုန်းရပ်ကွက်၊ ၁၃၇လမ်း၊အမှတ်(၁၇/မြေညီ၊ဘီ)ရှိ ရွှေဝါမြေ ဆန်ဆိုင်နှင့် ၁၃၇ လမ်း၊အမှတ်-၅၀/မြေညီရှိ ကိုကျော်စွာဆန်ဆိုင် စသည့် ဆန်ဆိုင်(၂)ဆိုင်တို့ အား သွားရောက်၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေး ဆန်ရောင်းချမှု ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူရောင်းချ လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်မှ ချပြလိုက်သောဈေးနှုန်းများအတိုင်း ဆန် ဈေးနှုန်းများဖြင့်ရောင်း ချနေသည်ကို စစ်ဆေးတွ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်း ရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင် ထားခြင်းမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)