Main menu

ပန်းတနော်ထွက် သင်ဖြူးဖျာ အမျိုးမျိုး ဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

     ပန်းတနော်မြို့နယ်သည်  မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ သင်ဖြူးဖျာလုပ်ငန်းကို ပန်းတနော် ကျေးရွာများနှင့် မြို့ပေါ်ရှိ လူအများစု စိုက်ပျိုး ယက်လုပ်လျက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေမှုကို ပန်းတနော်မြို့နယ်တွင် မြင်တွေ့ရသည်။

     ပန်းတနော် ယူကေစိန် ဖျာလုပ်ငန်းတွင် ပိုင်ရှင် ဦးသိန်းဇော်၊ ဒေါ်ဝေမြင့်ဖြစ်ပြီး သင်ဖျာရောင်းဝယ်မှုလုပ်ငန်းကို တွင်ရောင်းချနေသော အမျိုးအစားအလိုက် ဈေးနှုန်းများကို မေးမုန်းခဲ့ရာ ၂၀၂၅ခုနှစ် မေလ တတိယပါတ်ဈေးနှုန်းများမှာ ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၆၀၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၁၆၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၈၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၅၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၆၅၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၈၅၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၁၅၀၀၀ကျပ်၊  ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၃၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၅၅၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၃၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၅၀၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ ၇၀၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၃၈၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၄၀၀၀၀ ကျပ်ရောင်းချနေသည်။ယခင်နှစ် ဈေးထက် ၁၀၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်တွင် ဆိုင်ခွဲ ၂ဆိုင်ရှိပြီး တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ညောင်လေးပင်၊ ထားဝယ်နှင့် ဘိတ်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)