Main menu

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ပဲတောင့်ရှည်သီး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         ပဲတောင့်ရှည်သီးသည် ရာသီအရွေး စိုက်ပျိုးနိုင်သော သီးနှံပင်တစ်မျိုးဖြစ်ပြီး၊ ပဲတောင့်ရှည်သီးကို  အပိန်ချက် ချက်စားခြင်း၊ ပဲတောင့်ရှည်သီးကိုကြက်ဥနှင့်ကြော်စားခြင်း၊ ပဲတောင့်ရှည်သီးကိုပြုတ်ပီး အချို/အချဉ် သုပ်စားခြင်း၊ ပဲတောင့်ရှည်သီးကို သင်္ဘောသီးသုပ်၊ အစုံသုပ်၊ အားပူလျှာပူ၊ မုန့်ဟင်းခါး တို့ ထဲတွင်ထည့်ခြင်း ပဲတောင့်ရှည်သီးကို ခရမ်းသီး၊ ရုံးပတီသီး၊ ဂေါ်ရခါးသီး၊ ခဝဲသီးတို့နှင့် ရောနှောချက်စားခြင်းတို့ အသုံးပြု စားသောက်ကြပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၅)တောင့်ပါ ၁စီးလျှင်(၂၀၀)ကျပ်၊ ပဲတောင့်ရှည်သီး(၅)တောင့်ပါ ၃စီးလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၁စီးလျှင်(၂၅၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၂စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရ သည်။

DOCA(စစ်ကိုင်း)