
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၄၀၀/၅၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အသေး(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံး ဈေးနှုန်းအစားစားဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)