Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော မန်ကျည်းသီးမှည့်(အစေ့လွတ်) ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်‌ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          မန်ကျည်းသီးအမှည့်ကို နွေရာသီ၏ အပူဒဏ်ကို ခံနိုင်ရန်အတွက် ထန်းလျက်ဖြင့် စိမ်သောက် ခြင်း၊ မန်ကျည်းသီးနှစ်တိုက်ပြီး ထန်းလျက်ဖြင်ကျိုစားခြင်း၊ စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ မုန့်လင်မယားဆိုင်၊ အကြော်ဆိုင်များတွင် အချဉ်အဖြစ် အသုံးပြုခြင်းနှင့် ချဉ်ရည်ကျိုစားရာတွင် အသုံးများသည့်အတွက် ‌ဈေးကြီးပြီးရောင်းကောင်းလျက်ရှိပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှသိရသည်။

DOCA (စစ်ကိုင်း)