Main menu

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် ပြောင်းချို စိုက်ပျိုး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း ပြောင်းချိုပင်ကို စိုက်ပျိုးကြပါသည်။

   ပြောင်းချိုပင်စိုက်ပျိုးသည့်မျိုးမှာ နှင်းဆီရွှေ မျိုးဖြစ်ပြီး မျိုးစေ့တိုက်ရိုက်ချစနစ်ဖြင့်ပျိုးထားပြီး မြေကျင်းဖွဲ့စိုက်ပျိုးသည့် စနစ်ဖြင့်စိုက်ပျိုးထားပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၆၀၀)ကျပ် နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက် ရှိသော‌ကြောင့် ယခု ပြောင်းချို ဈေးနှုန်းမျိုးဖြင့် ရောင်းချရလျှင် တွက်ခြေကိုက်ပြီး အကျိုးအမြတ်များသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ပြောင်းချိုပင်စိုက်ပျိုးသူမှ တိုက်တွန်းပြောကြားချက်အရ သတင်းရရှိပါသည်။

    DOCA (စစ်ကိုင်း)